ပဋိဇီဝဆေး သုံးစွဲမှု ကြီးကြပ်ရေး။
  
Translated

လူနာ ပြန်လည်ကျန်းမာလာစေရန် ၊ ရောဂါ ပိုးမွှားများ ဆေးယဉ်ပါးမှုဖြစ်ခြင်း အခွင့် အလမ်းနည်းပါးစေရန် နှင့် ပဋိဇီဝ ဆေးများ ယဉ်ပါးသည့် ရောဂါပိုးမွှားများပျံ့နှံ့ မှု လျော့ နည်း စေရန် တို့ကို ရည်ရွယ်၍ ပဋိဇီဝ ဆေး မှန်ကန်စွာ (စနစ်တကျ) သုံးစွဲရေးကို မြှင့်တင်ရန်အ  တွက် ပြုလုပ်သော ညှိနိုင်းဆောင်ရွက်မှုများဖြစ်ပါသည် ။

 

 

ဆေးရုံများနှင့် ပြည်သူလူထုအတွင်း၌ ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေး ကို လက်တွေ့အသုံးချခြင်းအားဖြင့် လူ့အသက်ပေါင်းများ စွာကို ကယ်တင် နိုင်ပါသည်။

 

ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေး အစီအစဉ်ကို ဆေးရုံများ ၊ ဆေးနှင့်  ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် ပြည်သူလူထုအတွင်း ပြုလုပ်ရန် အကြံပြုထောက်ခံသင့်သည်။

 

 

Learning point

ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေးကို မည်ကဲ့သို့ လက်တွေ့ကျင့်သုံးမည်နည်း။

 

 

ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေး၏ ရည်ရွယ်ချက်မှာ ပဋိဇီဝဆေးများ မမှန်မကန်သုံးစွဲမှုနှင့် အလွန်အကျွံသုံးစွဲနေမှုများအား လျော့နည်းစေရန် ဖြစ်ပါသည် ။ ပဋိဇီဝဆေးများကို မှန်ကန်စွာ အသုံးပြုခြင်းအားဖြင့် ပဋိဇီဝဆေးများအား အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်၊ လူနာများကြားတွင် ဖြစ်ပွားနေသော ဆေးယဉ်ပါးမှု့ရောဂါကူးစက်မှု အားလျော့နည်းစေနိုင်သည်၊ နှင့် မလိုအပ်ဘဲ ပဋိဇီဝဆေး၏ ဘေးထွက်ဆိုးကျိုးများကို လူနာများခံစားရခြင်းမှ ရှောင်လွဲနိုင်ရန်ကူညီပေး သည်။ ဆေးရုံများနှင့် အဖွဲ့အစည်းများတွင် ဗိုင်းရပ်စ် နှင့် ဘက်တီးရီးယားရောဂါ ပိုးမွှားများအား ထိရောက်သော ကုသမှုပေးနိုင်ရန်အတွက် ဖျားနာမှုအား မည်ကဲ့သို့ ရောဂါ ရှာဖွေ အမည်သတ် မှတ်ရမည်ကို ဖော်ပြထားသော လမ်းညွန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့  ပြီး ဖြစ်သည်။

 

 

ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေးတွင် ကျန်းမာရေးဝန်ထမ်းများသာမက ပြည်သူလူထုများပါ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည် ။ သင့်အနေဖြင့် ပဋိဇီဝဆေး မှန်ကန်စွာ သုံးစွဲမှု  မြှင့် တင်ရေးအား ကူညီနိုင်ပါသည် ။

 

- သင်၏ ဖျားနာမှု အကြောင်းရင်း (သို့) ဖြစ်နိုင်ချေများသော အကြောင်းရင်းများအား နား လည်သဘောပေါက်ခြင်းနှင့် မလိုအပ်ပါက ပဋိဇီဝဆေး သောက်သုံးရန်  တောင်းဆိုမှု မပြုလုပ်ခြင်း။

-  ကောင်းမွန်သော မိလ္လာ စနစ်နှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုထားရှိခြင်း၊ မသန့်ရှင်းသော (အဆိပ် ၊ အတောက် ၊ ရောဂါပိုးမွှားများအစရှိသည့်) အစားအသောက်နှင့် ရေများ မသောက်သုံးမိစေရန်ရှောင်ရှားခြင်း။

- သင်နှင့် သင်၏ မိသားစုသည် အကြံပြုသတ်မှတ်ထားသော ကာကွယ်ဆေးများအား ထိုးနှံပြီးစီးကြောင်း သေချာအောင်ပြုလုပ်ခြင်း။

- ဆရာဝန်၏ အကြံပြု လမ်းညွန်ချက်များအား လိုက်နာခြင်းနှင့် ပဋိဇီဝ ဆေးများကို ညွန်ကြားမှုအတိုင်းသာ သောက်သုံးခြင်း။

- -သောက်သုံးပြီး ကျန်ရှိသော ပဋိဇီဝဆေးများအား မသုံးစွဲခြင်း (သို့) အခြားသူများထံမှ ပဋိဇီဝဆေးများယူ၍ မသုံးစွဲခြင်း။

ဆက်စပ်နေသော ဝေါဟာရများ။

ပဋိဇီဝဆေးမမှန်မကန်သုံးစွဲခြင်း ၊ ပဋိဇီဝဆေးအား အကျိုးရှိစွာ အသုံးပြုခြင်း ၊ ဆေးများကို ကျိုးကြောင်းဆီလျှော်စွာအသုံးပြုခြင်း ၊ ပဋိဇီဝဆေး ဆိုင်ရာဗဟုသုတ။

 

ပဋိဇီဝဆေး သုံးစွဲမှုကြီးကြပ်ရေးနှင့် သက်ဆိုင်သော ဗွီဒီယိုများကို အောက်ပါ လင့်များတွင် ကြည့်ရှု့နိုင်ပါသည်။

 

ကိုးကားချက်များ။

1 APIC. (n.d.). Antimicrobial stewardship. Retrieved from https://apic.org/professional-practice/practice-resources/antimicrobial-stewardship/

2 Mayo Clinic. (2018, January 18). Antibiotics: Are you misusing them? Retrieved from https://www.mayoclinic.org/healthy-lifestyle/consumer-health/in-depth/antibiotics/art-20045720

 

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ